Jan 24, 2008

ရှာဖွေထားတယ်

မနေ့က ကျွန်တော် အိမ်မှာ ပျင်းပျင်းရှိတာနဲ့ သီချင်းခွေတွေနားထောင်ရင်း အဟောင်းလေးတွေ လိုက်မွှေလိုက်တာ ကျွန်တော့်ရင်ကို ခုထိ လာလာထိတဲ့ သီချင်းလေး (၄)ပုဒ်ကို သွားတွေ့တယ်ဗျ။
လှိုင်ဦးမော်ရဲ့ ချစ်စရာလေးပါ။ ပြီးတော့ အချစ်တွေပေးပါ။ အဲ့သီချင်းတွေ ထွက်တုန်းကတော့ ကောင်မလေးအိမ်ရှေ့မှာ တော်တော်လေးဆူသွားတယ်ဗျ။ အဲ့သီချင်းလေး နှစ်ပုဒ်နဲ့ မိုးလင်းသွားလို့။

နောက်ထပ်နှစ်ပုဒ်က စာရေးဆရာ အကြည်တော်ရဲ့ ခွေပါ။သီချင်းတွေ အားလုံးကတော့ ကောင်းပါတယ်။ ဒါပေမယ့် ကျွန်တော့်အကြိုက်ပေါ့။ ခေါင်းစဉ်သီချင်းလေး ဖြူစင်ခြင်းရယ်၊ အချစ်ဆိုတဲ့ အရာ ရယ်ကို တော်တော်လေး ခံစားမိတယ်ဗျ။

ဒီသီချင်းလေးတွေ ခုလိုတင်ပေးတာက နားမထောင်ရသေးတဲ့သူတွေကို နားထောင်စေချင်လို့ပါ။ အချစ်သီချင်းအေးအေးလေးတွေကို တယောသံချိုချိုလေးတွေနဲ့ မျှောသွားစေချင်လို့။

ကြိုက်တယ်ဆိုရင်တော့ download လုပ်ကြပါခင်ဗျ။ တစ်ခွေလုံး နားထောင်ချင်ကြရင်တော့ ၀ယ်ပြီး အားပေးကြပါလို့။

0 ခု မှတ်ချက်ရေးသွားတယ်: