Jan 27, 2008

အထီးကျန် (၁)

မီးတစ်စလို လောင်ကျွမ်း
ရင်ခွင်တစ်ခြမ်း ပြာဖြစ်နေတာတောင်
အထီးကျန်တာ မလွဲရှောင်သာသေးပါလား။ ။

တိတ်တိတ်လေးငို
စိုမျက်ရည်မိုးတွေ
ရင်ထဲကိုရွာသွန်းလည်း
အထီးကျန်မီးတွေ မငြိမ်းနိုင်ပါလား။ ။

စာရွက်လေးတစ်ရွက်...
အေးစက်လို့ ခုံတန်းလေးမှာ
မျှော်လေရဲ့။ ။

အချစ်ကြောင်းရေးဖို့ရာ
"ခဲတံ" မရှိတဲ့ဘ၀...
အိုလေ... အထီးကျန်လွန်းတယ်။ ။

ငါ့ဘ၀လည်း ဒီလိုပါပဲ
မင်းမရှိတဲ့ ဒီခုံတန်းလေးမှာ
အေးတိအေးစက် အထီးကျန်လာတာ
မျက်ဝန်းမှာ မျက်ရည်တွေ ခမ်းတဲ့ထိပါပဲလား။ ။

3 ခု မှတ်ချက်ရေးသွားတယ်:

မွန် said...

အချစ်အကြောင်းကို ခဲတံလေးနဲ့ရေးချင်တဲ့မောင်လေး
ခဲတံလေးနဲ့ရေးတာက ဖြူစင်တယ်နော်
ုငိမ်းချမ်းတယ်
မပူလောင်ဘူးပေါ့
ုငိမ်းချမ်းတဲ့အချစ်တွေပေါ့

ကောင်းကင်ကို said...

မီးတစ်စလို လောင်ကျွမ်း
ရင်ခွင်တစ်ခြမ်း ပြာဖြစ်နေတာတောင်
အထီးကျန်တာ မလွဲရှောင်သာသေးပါလား။ ။

အမယ် အရေးအသားတွေ မိုက်လှချည်လား။ :-)

Mhu Darye said...

နှစ်ခြိုက်မိပါတယ်...။ သူများ အထီးကျန်ကြောင်းရေးထားတဲ့ ကဗျာကို ကြိုက်လိုက်တာလို့ အားပါးတရ ပြုံးပြီး ဖတ်မိရင် ဘွာတေး အရင် ပြောထားမယ်...အိုကေ? :P