Jan 15, 2008

ကျေးဇူးတင်ရှိခြင်း

အရင်ဆုံး ကျွန်တော့်ကို WordPress အကြောင်း စိတ်ဝင်စားလာအောင် ပြောခဲ့တဲ့ ကိုကေဂျွန်၊ ကျွန်တော် အိပ်မယ်ကြံတုန်း ဒိန်းဆို မက်ဆေ့တက်လာပြီး အဲ့ဒီ အချိန်ကစ မိုးလင်းထိ အိပ်ရေးပျက်ခံ ပညာတွေ ဖြန့်ဝေပေးရင်း တန်းပလိပ်ပါ လက်ဆောင်ပေးခဲ့တဲ့ ကိုကြီးသွင်မောင်၊ ဆိုင်မှာ ကျွန်တော် လုပ်ချင်တာလုပ်နေတာကို သီးခံခွင့်လွတ်ပေးတဲ့ ကိုဇော်လင်းထွန်းနှင့် ကိုထွန်း၊ ကျွန်တော်နှင့် အတူ ဦးနှောက် အပျက်ခံပေးတဲ့ ကိုဟိန်းမောင်၊ ကျွန်တော်လုပ်နေတာတွေကို မှန်သည်၊မှားသည် မဆိုသော်ငြား အမြဲတားမြစ်သလို၊ အားလည်းပေးနေတဲ့ ကိုကြီးမျိုး၊ အလုပ်မအားသော်လည်း ကျွန်တော့် အပေါ် ညီအစ်ကိုစိတ် အပြည့်နဲ့ ခင်မင်အားနေတတ်ကြတဲ့ ကိုကောင်းကင်ကိုကိုမင်းကျန်စစ်နဲ့ ကိုမျှားပြာ
ကျွန်တော်ရေးသမျှစာတွေ၊ ကဗျာတွေအားလုံးနဲ့ ကျွန်တော်နားထောင်နေကြ သီချင်းလေးတွေကို မျက်စိနှောက်၊ နားရှုပ်ခံ ဝေဖန်ပေးကြသူ အားလုံးနှင့် နောက်ဆုံး ကျေးဇူး အတင်ရှိဆုံးကတော့ ကျွန်တော့်ကို ရှေ့ဆောင်ညွှန်ပြပေးတဲ့ ကိုသင်္ကြန်ဘာသာ ပြန်ထားသော HowtoinstallWordpress ကို လေးစား တန်ဖိုးထားစွာ ကျေးဇူးတင်အပ်ပါသည်ခင်ဗျာ။

Read More...

ခွင့်တိုင်ကြားခြင်း

အွန်လိုင်းမြို့၊ ဘလော့ဒ်ရပ်ကွက်နေ၊
ဦးblog+ဒေါ်wordpress တို့၏သား၊
ဘလော့ဒ်လောကကျောင်းတော်၌ ပညာသင်ကြားနေသော မောင်poembag သည်
ဒါလေး ကလိနေပါသဖြင့်
ကဗျာများ၊ စာတိုပေစလေးများနှင့် ရင်တွင်းခံစားချက်လေးများကို
ခုရက်ပိုင်းအတွင်း မတင်နိုင်ပါသဖြင့်
ဘလော့ဒ်ဂါ ဆရာ၊ ဆရာမများနှင့်တကွ စာဖတ်ပရိတ်သတ်အပေါင်းအား
ခွင့်နှစ်ရက်ပေးပါရန် ခွင့်တိုင်ကြားအပ်ပါသည်။

................ပုံ/..................
ကဗျာဆရာရူး မောင်poembag

Read More...