Jan 26, 2008

စိတ်ကူး

စွဲလမ်းစိတ်နဲ့ ငြှိတွယ်
မင်းအကြည့်များဝယ်။ ။

ချိုသာစွာရင်ခုန်
နင်အပြုံး ညှင်သာပုံကို။ ။

ငါ၏ညကား
ထိုအလှများဝယ် တ၀ဲလည်လည်။ ။

နေရခက်၊ ထိုင်ရခက်
ငါအလုပ်ပျက်အောင် ပြုစား
ငါ့အချစ်များကို တိတ်တိတ်လေး ခိုးထားသူ။ ။

အတွေးတိတ်ဆိတ်
လက်ကလေးချိတ်လို့
တွဲကာလျှောက်ချင်သည်။ ။

မျှော်လင့်ရကိုး
ချစ်ကြိုးသီထိ
ဒီအချစ်၏ ရင်တွင်းမှန်ကို
မှန်းဆလို့ ကြည့်လှည့်ပါလေ။ ။

Read More...